Recent News

Sunday 12 May 2013

~~~{၅၀၀၀ တန်ငွေဖြည့်ကဒ်လေး}~~~

 
~~~{၅၀၀၀ တန်ငွေဖြည့်ကဒ်လေး}~~~

သား !! ဖေဖေ့ကို ဒီဖုန်းနံပါတ်လေး
ခဏလောက်ခေါ်ပေးပါလား………
သားဖုန်း ဘေလ် မရှိတော့ဘူးဖေဖေ
ဘယ်လိုဖြစ်ရတာလဲ သားရ !!
လကုန်ဖို့  ၁၀ရက်တောင်လိုသေးတဲ့ဟာကို

မီးဖိုးချောင်ထဲက မေမေ့အသံ
ငါကတော့ပြောပြီးသားနော်
တစ်လ ၅၀၀၀တန်တစ်ကဒ်ပဲပေးနိုင်မယ်
စည်းနဲ့ကမ်းနဲ့သုံး ကိုယ့်ကိုကိုယ်
သူဌေးမထင်ကြနဲ့ ~~~~~

ညနေရုံးဆင်းတော့ ဖေဖေ့အိပ်ကပ်ထဲက
၅၀၀၀ တန်ငွေဖြည့်ကဒ်တစ်ခု
သားရေ ရော့ မင်းဖုန်းဘေလ်ဖြည့်လိုက်

ဟာ !! ဖေဖေ ဘယ်ကရတာလဲ

မင်းအဖေကစစ်သားလေကွာ ဟားဟားဟား

လကုန်တော့ လစာ၅၀၀၀ လျော့နေသည်
အဖေကြီး ပိုက်ဆံ ၅၀၀၀ လျော့နေပါလား
သြော် ……မိန်းမရယ် ရုံးနားကဆိုင်မှာ
ကိုယ်နေ့ လည်နေခင်းသောက်ထားတဲ့
လက်ဖက်ရည်ဖိုးအကြွေးတွေလေ ………


ကျနော့်ရင်ထဲနင့်ခနဲဖြစ်သွားသည်~~~
ဒါဆိုဖေဖေ ဖုန်းငွေဖြည့်ကဒ်ကိုအကြွေးဝယ်ခဲ့တာပေါ့
လက်ဖက်ရည်ကြိုက်တဲ့ ဖေဖေ …………
ဘယ်နှစ်ရက်လောက်များမသောက်ပဲ
ချွေတာခဲ့ရတာလဲ…………

ဖေဖေပြောတဲ့ မင်းအဖေက
စစ်သားလေကွာဆိုတာ
ဒါလား။………။
~~~{၅၀၀၀ တန်ငွေဖြည့်ကဒ်လေး}~~~

သား !! ဖေဖေ့ကို ဒီဖုန်းနံပါတ်လေး
ခဏလောက်ခေါ်ပေးပါလား………
သားဖုန်း ဘေလ် မရှိတော့ဘူးဖေဖေ
ဘယ်လိုဖြစ်ရတာလဲ သားရ !!
လကုန်ဖို့  ၁၀ရက်တောင်လိုသေးတဲ့ဟာကို

မီးဖိုးချောင်ထဲက မေမေ့အသံ
ငါကတော့ပြောပြီးသားနော်
တစ်လ ၅၀၀၀တန်တစ်ကဒ်ပဲပေးနိုင်မယ်
စည်းနဲ့ကမ်းနဲ့သုံး ကိုယ့်ကိုကိုယ်
သူဌေးမထင်ကြနဲ့ ~~~~~

ညနေရုံးဆင်းတော့ ဖေဖေ့အိပ်ကပ်ထဲက
၅၀၀၀ တန်ငွေဖြည့်ကဒ်တစ်ခု
သားရေ ရော့ မင်းဖုန်းဘေလ်ဖြည့်လိုက်

ဟာ !! ဖေဖေ ဘယ်ကရတာလဲ

မင်းအဖေကစစ်သားလေကွာ ဟားဟားဟား

လကုန်တော့ လစာ၅၀၀၀ လျော့နေသည်
အဖေကြီး ပိုက်ဆံ ၅၀၀၀ လျော့နေပါလား
သြော် ……မိန်းမရယ် ရုံးနားကဆိုင်မှာ
ကိုယ်နေ့ လည်နေခင်းသောက်ထားတဲ့
လက်ဖက်ရည်ဖိုးအကြွေးတွေလေ ………


ကျနော့်ရင်ထဲနင့်ခနဲဖြစ်သွားသည်~~~
ဒါဆိုဖေဖေ ဖုန်းငွေဖြည့်ကဒ်ကိုအကြွေးဝယ်ခဲ့တာပေါ့
လက်ဖက်ရည်ကြိုက်တဲ့ ဖေဖေ …………
ဘယ်နှစ်ရက်လောက်များမသောက်ပဲ
ချွေတာခဲ့ရတာလဲ…………

ဖေဖေပြောတဲ့ မင်းအဖေက
စစ်သားလေကွာဆိုတာ
ဒါလား။………။

0 comments:

Post a Comment

Powered By Blogger
Powered by Blogger.