Recent News

Tuesday 27 August 2013

Facebook မှာ Share Album တင်နိုင်ပြီ

Facebook မှာ Share Album တင်နိုင်ပြီ




Facebook မှာ Share Album တင်နိုင်ပြီ

Facebook က အသစ်မိတ်ဆက်ဖန်တီးပေးလိုက်တဲ့ Feature အသစ် ဖြစ်ပါတယ်။ ယင်း Feature ကြောင့် ဓာတ်ပုံ Album တစ်ခုတည်းကိုပဲ အခြား Friend များကပါ ဝင်ရောက် Edit လုပ်၊ တင်နိုင်ပြီ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ ခရီးအတူတူ သွားပြီး ရလာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အကောင့် တစ်ခုရဲ့  ဓာတ်ပုံ Album တစ်ခုတည်းမှာပဲ တစ်စုတစ်စည်းတင်နိုင်၊ဖျက်နိုင်စေဖို့ ဖြစ်ပါတယ်။ ဒီတော့ အသစ် ထည့်ပေးလိုက်တဲ့ Feauture က Make a shared album ဖြစ်ပါတယ်။ ဓာတ်ပုံကို တင်နေကျ ပုံစံအတိုင်း Album နဲ့ လုပ်တင်ပြီး နောက်ဆုံး ဘယ်ထောင့် အပေါ်မှာ ပေါ်နေတဲ့ Make A Shared Album ကိုနှိပ်ပြီး ကိုယ် စိတ်ကြိုက် ထည့်သွင်းလိုတဲ့ contributor တွေကိုထည့်သွင်းရုံပဲ ဖြစ်ပါတယ်။

ယင်းထည့်သွင်းထားတဲ့သူတွေကပဲ သူတို့ဆိမှာရှိတဲ့ ပုံတွေကိုတင်မယ်။ Edit လုပ်မယ် အစရှိသဖြင့် ပြုလုပ်နိုင်ပြီး ဓာတ်ပုံ Album တစ်ခုကို လူအများထိန်းချုပ်သကဲ့သို့ ဖြစ်ပါတယ်။

Contributors only, Friends of Contributers, Public အစရှိသဖြင့် Option ၃ ခုနဲ့ တင်နိုင်၊ဖျက်နိုင်မှာ ဖြစ်ပါတယ်။ စစချင်းအနေနဲ့ Contributor ဦးရေ ၅၀ အထိ လက်ခံထားပြီး တစ်ယောက်ကို အများဆုံး ပုံ ၂၀၀ ပဲတင်ခွင့်ရှိအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း ဓာတ်ပုံ အရေအတွက်က ၁ ထောင် ဖြစ်ပါတယ်။ နောက်ပိုင်း မှ ဓာတ်ပုံ တင်နိုင်မယ့် အရေအတွက်ကို ထပ်တိုးပြီး ပိုကောင်းတဲ့ Feature များထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Facebook
Aung Kham (TSJ team)


အိုင်တီခေတ်



0 comments:

Post a Comment

Powered By Blogger
Powered by Blogger.