Recent News

Sunday 23 February 2014

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းနည်း

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းနည်း


Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြချင်ပါတယ်.. အားလုံးအတွက် အဆင်ပြေ၊ မပြေမသိရပေမယ့် တော်တော်များများအဆင်ပြေပါတယ်.. phone က root access ရှိဖို့လိုပါတယ် root ၇ှိရင်တော့  root explorer သုံးပြီး system/etc ထဲက hosts ကို delete လုပ်ပေးပါ google app တွေကိုလည်း clear data လုပ်ပေးပြီး restart လုပ်ပေးပြီး ပြန်ဝင်ကြည့်ပါ



နည်းလမ်းဖေါ်ပြပေးတဲ့ mmpx team ကိုကျေးဇူးတင်ပါတယ်...

အဆင်ပြေပါစေ..

Font Style ပြောင်းလို့ မရတဲ့ Android ဖုန်းတစ်ချို့ကို မြန်မာဖောင့် ထည့်သွင်းနည်း

Font Style ပြောင်းလို့ မရတဲ့ Android ဖုန်းတစ်ချို့ကို မြန်မာဖောင့် ထည့်သွင်းနည်း

ဒီတစ်ခါ တင်ပေးလိုက်တဲ့ Android နည်းပညာ ပို့(စ်)လေးကတော့ Android ဖုန်း တစ်ချို့ Setting => Display => မှာ Font Style ပြောင်းလို့ မရတဲ့ Device များကို လွယ်လွယ်ကူကူ မြန်မာဖောင့် ထည့်နည်းလေးကို မသိသေးတဲ့ မိတ်ဆွေများ အတွက်အလွယ်တကူ ထည့်သုံးလို့ရအောင် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ကဲ အရင်ဆုံး အောက်ပေးထားတဲ့ File တွေကို Download ဆွဲယူပါ။


၁။ Type Fresh V-0.9.3.6.apk

၂။ AndExplorerPro V-2.5.apk

၃။ Myanmar Font  Download or Download  or Download Myanmar 3.Apk  or Download Myanmar 3.ttf  

အပေါ်က ပေးထားတဲ့ File များ ကို အားလုံး Download ဆွဲပြီပြီးဆိုရင် မိမိဖုန်းထဲ တွင် Type Fresh V-0.9.3.6.apk နှင့် AndExplorerPro V-2.5.apk နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ ပြီရင် Myanmar Font ကိုလည်း SD Card ထဲတွင် သေးချာအောင် သိမ်းစည်းထားလိုက်ပါ။ ကဲအားလုံး Ok ပြီဆိုရင် Type Fresh ကို ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။


Type Fresh ကို ဖွင့်ပြီ DroidSansFallback.ttf ကိုရှာပါ၊ တွေ့ပြီဆိုရင် ထို DroidSansFallback.ttf ကို Click လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။


အပေါ်က ပထမ ပုံအတိုင်း ထွက်လာပါက Go Up A Folder ကို နှိပ်ပြီ စောစောက ပြောတဲ့အတိုင်း Myanmar Font သိမ်းထား တဲ့ SD Card Folder ထဲကို ၀င်ပါ၊ ပြီရင် ဒုတိယ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း မိမိထည့် လို့သည့် Myanmar Font တစ်ခုခု ကို အမှန်ခြစ်ပြီး Ok ခလုတ် ကို နှိပ်ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။


အပေါ်က ပုံအတိုင်း DroidSansFallback.ttf နေရာမှာ မြင်တွေ့ရပြီဆိုရင် ဖုန်း၏ Menu ခလုတ် ဖိပြီ Apply Fonts နှိပ်လိုက်ပါ။ ပြီရင် ဖုန်းကို Restart ချလိုက်ပါ။ ဖုန်းပြန်တက်လာရင် Myanmar Font ကောင်းစွာ အဆင်ပြေသွားတော့မှာ ပါ။

SD Card ကို Phone Storage လုပ်မယ် ( Root Need )

SD Card ကို Phone Storage လုပ်မယ် ( Root Need )


အချို့  Samsung phone တွေက Bluetooth ကူးတာ Dowload ဆွဲတာတို့ကို Phone Storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း Phone Storage ထဲသွားသိမ်းတာပဲ... Setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ SD Card ကို Phone Storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့....
လုပ်နည်းကတော့ လွယ်ပါတယ်.. Root Explorer နဲ့ System ထဲကို သွားပြင်ပေးရမှာပါ....( need root )

root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး Open in text editor နဲ့ ဖွင့်လိုက်ပါ....  r/o  ကို  r/w  ပြောင်းထားရမယ်နော်...
အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ.....

Text က Phone တခုနဲ့ တခု တူချင်မှတူမှာနော်...အခုဟာကတော့ Huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...

dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host

dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host 

အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း Change ပေးရမှာပါ...

" sdcard    ရဲ့ နောက်မှာ 2 ထည့်ပြီး
sdcard2 ကို နောက်က 2 ဇျက်ပေးလိုက်ပါ..."

ပြီးရင် menu > save လုပ်ပြီး Restart ချပေးလိုက်ပါ...Reboot တက်လာရင် Storage ထဲ သွားကြည့်လိုက်ပါ....SD က Phone Storage ပြောင်းနေမယ်နော်......

စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...တခုခုဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်....ပေးထားတဲ့ Guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ....

ကျွန်တော် လုပ်ကြည့်တာတော့ အဆင်ပြေပါတယ်.... ကျေးဇူးးးးးးးးးးးး

By : yewintun

Myanmar Android Apps

Myanmar Android Apps



Android ဖုန်းအတွက် File Manager နှင့် ဒိုင်ယာရီ မှတ်စု မြန်မာဆော့ဝဲ
http://www.internetformm.com/2014/02/android-file-manager.html

အိမ်မက်မက်တဲ့အခါ ဘာလဲပြန်ကြည့်ချင်ရင် ဒီ ဆော့ဝဲလေးကို ဖုန်းထဲထည့်ထားပါ
www.internetformm.com/2014/02/blog-post_5904.html

Icon Changer (Andriod ဖုန်းတွေမှာ App Icon နဲ့ App Icon Name ကိုစိတ်ကြိုက် ပြောင်းနိုင်တဲ့ ဆောဝဲ)
http://www.internetformm.com/2014/02/icon-changer-andriod-app-icon-app-icon.html

MM Website Directory-8 apk Download
www.internetformm.com/2014/02/mm-website-directory-8-apk-download.html

မြန်မာနိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပတ်တွေ အရေးပါတဲ့ ဖုန်းနံပတ်တွေ စုစည်းထားတဲ့ APK
www.internetformm.com/2014/02/apk_19.html

ဖုန်းကနေ မြန်မာကျားထိုးတာ ကစားချင်ရင် ဒီဆော့ဝဲလေးအဆင်ပြေတယ်နော်
www.internetformm.com/2014/02/blog-post_9811.html

ခန္ဒီစေတီ ပုတီးစိပ်နည်း Apk
www.internetformm.com/2014/02/apk.html

လောကနီတိကို ဖုန်းကနေ အလွယ်ဖတ်နိုင်ဖို့  လောကနီတိ apk
www.internetformm.com/2014/02/lawkaniti.html

MM Breaking News.apk မြန်မာနိုင်ငံရဲ့ နာမည်ကြီး website များကို တိုက်ရိုက်ကြည့်ရှုနိုင်မည်။
www.internetformm.com/2014/02/mmbreakingnews.html

အင်တာနက်သုံးထားတဲ့အချိန်နှင့်တကွကျသင့်ငွေကိုဖော်ပြပေးမယ့် - Internet Watch v1.0
www.internetformm.com/2014/02/internetwatchapk.html

MMSD Sony Font Installer (Android 4.0 အထက် Sony များသာ)
www.internetformm.com/2014/02/mmsd-sony-font-installer-android-40-sony.html

MMSD Smart Zawgyi v1.5 (Stable)
www.internetformm.com/2014/02/mmsd-smart-zawgyi-v15-stable.html

Android Phone ကိုင်ဆောင်သူများအတွက် Myanmar Facebook
www.internetformm.com/2014/02/android-phone-myanmar-facebook.html

မြန်မာသတင်း Android apk ရှိထားသမျှလေးတွေ
www.internetformm.com/2014/01/android-apk.html

မြန်မာမှုပြုထားတဲ့ - Zapya v2.1 apk ( Myanmar Version)
www.internetformm.com/2014/01/zapya-v21-apk-myanmar-version.html

(7)ရက်သားသမီးများအတွက်ဗေဒင် Baydin Application version 1.0 for Android
www.internetformm.com/2014/01/7-baydin-application-version-10-for.html

TubeMate -YouTube Downloader (MM Version) v2.0.9 apk
www.internetformm.com/2013/12/tubemate-youtube-downloader-mm-version_14.html

New Zawgyi One Flip Font apk -V.1.0
http://www.internetformm.com/2013/12/new-zawgyi-one-flip-font-apk-v10_5916.html

Planet Dictionary (Eng to MM) 1.1 Apk
www.internetformm.com/2013/12/planet-dictionary-eng-to-mm-11-apk.html

Myanmar Map App v1.0 for Android
www.internetformm.com/2013/12/myanmar-map-app-v10-for-android.html

ခင်ကိုက်တာတာကို ကာကွယ်နိုင်မယ့် LG လေအေးပေးစက် မတ်လတွင် လာမည်

ခြင်ကိုက်တာတာကို ကာကွယ်နိုင်မယ့် LG လေအေးပေးစက် မတ်လတွင် လာမည်


ကမ္ဘာကျော် အီလက်ထရောနစ်ပစ္စည်းတွေထုတ်တဲ့ LG Electronics က မီးအားမမှန်တဲ့ မြန်မာပြည်လိုနိုင်ငံတွေမှာ Safeguard မလိုဘဲ သုံးနိုင်မယ့် လေအေးပေးစက်နဲ့ ခြင်ပြေးစေတဲ့ လေအေးစက်တွေကို မိတ်ဆက်လိုက်ပါတယ်။

Auto Voltage Switcher AVS စနစ်ပါ လေအေးပေးစက်ဟာ အာရှတိုက်အနေနဲ့ မြန်မာပြည်မှာ ပထမဆုံး စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး ဗို့အား ၁၆၅အောက်နဲ့ ၂၉ဝအထက်ကို ရောက်ခဲ့ရင် ဒီစနစ်က အလိုအလျောက် စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကုန်သည်ကြီးများဟိုတယ်မှာ ကုန်ပစ္စည်းမိတ်ဆက်တဲ့အခမ်းအနားမှာ LG Electronics လေအေးပေး စက်တွေကို တင်သွင်းခွင့်ရထားတဲ့ TMW ကုမ္ပဏီက မီးအားမမှန်တဲ့အတွက်လည်း စိတ်ချရသလို ခြင်လည်းပြေးစေတဲ့ ဒီစက်နှစ်မျိုးဟာ လူတွေကို ထိခိုက်မှုမရှိတဲ့ ထောက်ခံချက်ရထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ AVS စနစ်သုံး လေအေးပေးစက်ရောက်နေပေမယ့် ခြင်ပြေး လေအေးပေးစက်တွေက တော့ လာမယ့် မတ်လမှာသာ ဈေးကွက်ထဲ ရောက်မယ်လို့ ဆိုပါတယ်။

ကုန်ပစ္စည်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၇ရက်နေ့ညနေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရဲရင့်အောင်၊ သန္တာဗိုလ်နဲ့ Life and Dance အဖွဲ့တို့က ဖျော်ဖြေခဲ့ကြပါတယ်။ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို တက်ရောက်လာသူတွေကိုလည်း ကံစမ်းမဲတွေ ဖောက်ပေးခဲ့ပါတယ်။

Kamayut Media

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများအား ဆင်းကတ်များ အခမဲ့ထုတ်ပေးမည်

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများအား ဆင်းကတ်များ အခမဲ့ထုတ်ပေးမည်

 
ရန်ကုန် ဖေဖော်ဝါရီ ၁၉

မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာပြည်သူများအတွက်မလေးရှား နိုင်ငံသုံး ဆင်းကတ်များကို လာမည့် မတ် ၁ ရက်မှစတင်ကာ အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီတို့၏ ဆင်းကတ်ပေးအပ်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပင်လုံသင်တန်းကျောင်းတွင် ရုံးခန်းဖွင့်လှစ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူ့ကိုမဆို အခမဲ့ ဆင်းကတ်ထုတ်ပေးသွားမည်ဟ Tone Plus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Tone Plus ငွေဖြည့်ကတ်ကို တစ်ရက်လျှင် မလေးရှားရင်းဂစ်တစ်ရင်းဂစ်၊ တစ်လ ၃၀ ရင်းဂစ်နှုန်းဖြင့် ပုံမှန်သုံးစွဲရမည်ဖြစ်ပြီး ငွေဖြည့် ကတ်သုံးစွဲမှုအပေါ်မူတည်၍ အသက် အာမခံကြေး၊ လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခ Discount များ ပါဝင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ ၏ယခုလက်ရှိခေါ်ဆိုခများထက် ဈေးနှုန်း လျှော့ထားပြီး မည်သည့် ဟန်းဆက်နှင့်မဆို တွဲ၍သုံးစွဲနိုင်သည်ဟု သိရသည်။

“နိုင်ငံခြားရောက်ရင် ကိုယ့်မိသားစုကိုဆက်သွယ်ဖို့ ဖုန်းကမဖြစ်မနေသုံးစွဲ ရမှာပါ၊ အလုပ်သမားတွေအတွက် အသက်အာမခံတွေ၊ Discount တွေ စတဲ့ ခံစားခွင့်တွေပါဝင်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

အဆိုပါ မလေးရှားဆင်းကတ် အခမဲ့ပေးအပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ထရိတ်ဒါးဟိုတယ်၌ ယနေ့တွင်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်ခဲ့ကာ မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌနှင့် Tone Plus ကုမ္ပဏီမှ Executive Chair Man တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။

 
MOI Webportal Myanmar

 

 
ရန်ကုန် ဖေဖော်ဝါရီ ၁၉

မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာပြည်သူများအတွက်မလေးရှား နိုင်ငံသုံး ဆင်းကတ်များကို လာမည့် မတ် ၁ ရက်မှစတင်ကာ အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီတို့၏ ဆင်းကတ်ပေးအပ်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပင်လုံသင်တန်းကျောင်းတွင် ရုံးခန်းဖွင့်လှစ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူ့ကိုမဆို အခမဲ့ ဆင်းကတ်ထုတ်ပေးသွားမည်ဟ Tone Plus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Tone Plus ငွေဖြည့်ကတ်ကို တစ်ရက်လျှင် မလေးရှားရင်းဂစ်တစ်ရင်းဂစ်၊ တစ်လ ၃၀ ရင်းဂစ်နှုန်းဖြင့် ပုံမှန်သုံးစွဲရမည်ဖြစ်ပြီး ငွေဖြည့် ကတ်သုံးစွဲမှုအပေါ်မူတည်၍ အသက် အာမခံကြေး၊ လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခ Discount များ ပါဝင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ ၏ယခုလက်ရှိခေါ်ဆိုခများထက် ဈေးနှုန်း လျှော့ထားပြီး မည်သည့် ဟန်းဆက်နှင့်မဆို တွဲ၍သုံးစွဲနိုင်သည်ဟု သိရသည်။

“နိုင်ငံခြားရောက်ရင် ကိုယ့်မိသားစုကိုဆက်သွယ်ဖို့ ဖုန်းကမဖြစ်မနေသုံးစွဲ ရမှာပါ၊ အလုပ်သမားတွေအတွက် အသက်အာမခံတွေ၊ Discount တွေ စတဲ့ ခံစားခွင့်တွေပါဝင်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

အဆိုပါ မလေးရှားဆင်းကတ် အခမဲ့ပေးအပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ထရိတ်ဒါးဟိုတယ်၌ ယနေ့တွင်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်ခဲ့ကာ မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌနှင့် Tone Plus ကုမ္ပဏီမှ Executive Chair Man တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။

 
MOI Webportal Myanmar

အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည်

အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည်


အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ဘဏ်ဝန်ဆောင်မှု
များ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ ပါဝင်လာမည် ဖြစ်ကြောင်း အော်ရီဒူးမြန်
မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။


“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ ပြည်တွင်းဘဏ် Account ရှိသူတွေ သုံးစွဲနိုင်မယ့် Mobile
Banking စနစ် တစ်ပါတည်း ပါဝင်ပါမယ်။ 3G စနစ်နဲ့ စပေးမယ်။ Data ရော Voice ပါ တစ်ပါ
တည်း ပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် မိုဘိုင်းလ် ငွေပေးချေမှု စနစ်များမှာမူ ဆက်သွယ်ရေး နည်းဥပဒေ ထွက်ရှိသည့် အချိန်
ကို စောင့်ဆိုင်းပြီး ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှ စတင်နိုင်
မည်ဟု ၎င်းကဆိုသည်။

အော်ရီဒူး ကုမ္ပဏီသည် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ယခုနှစ်လယ်တွင် စတင် ရောင်း
ချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုမူ ဆင်းမ်ကတ်များ စတင် ရောင်းချမည့်အချိန်ကာလ နီးကပ်
မှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

“ဒီအတိုင်းဆိုရင် ဘဏ် Account မရှိတဲ့သူတွေအတွက် ဒီ Mobile Banking စနစ်က အသုံး
မဝင်နိုင်ဘူး။ ပြည်တွင်းမှာ ဘဏ် Account ရှိတဲ့သူက ဘယ်နှယောက်ရှိလို့လဲ တယ်လီနော
က လုပ်မယ့် မိုဘိုင်းလ် ငွေလွှဲစနစ်ကို ပိုစိတ်ဝင်စားတယ်” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ ဦး
ဇော်မင်းက ဆိုသည်။

တယ်လီနော ကုမ္ပဏီကလည်း မိုဘိုင်းလ်မှတစ်ဆင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု
ပေးရန် ပြင်ဆင်နေပြီး 2Gနှင့် 3G စနစ်များ ပါဝင်သော Sim Card များကို လာမည့် ခြောက်
လမှ ရှစ်လအတွင်း စတင် ရောင်းချသွားမည်ဟု ကြေညာထားသည်။

The Voice Weekly

ကောင်းသောညလေးပါ။

၂၈၄ မိုင် ယာဉ်ရပ်နားစခန်း က ဈေးသည်များနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနက ဆောင်ရွက် ထားမှုအခြေအနေဖြစ်ပါတယ်။

ဒီဆိုဒ်ကို အခုမှ သိလို့ မျှဝေပေးလိုက်ပါတယ်။ တင်ပေးထားတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။

အမြန်လမ်းမကြီးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်များကို ပြည်သူတွေပိုသိအောင် သတင်းတွေစုံစုံလင်လင် တင်ပေး ထား သင့်သလို ဒီစာမျက်နှာဖွင့်လှစ်ထားကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးစေလိုပါတယ်။

Tuesday 27 August 2013

အင်္ဂလိပ်စာ လေ့လာနေသူများအတွက် ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (မြန်မာလို) (12.2MB)

အင်္ဂလိပ်စာ လေ့လာနေသူများအတွက် ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (မြန်မာလို) (12.2MB)
 
အင်္ဂလိပ်စာကို လေ့လာနေသူများ အတွက် ဆရာဦးအောင်ဟိန်းကျော်ေ ရးသားထားတဲ့ ဆရာလွတ်အင်္ဂလိပ်
စာရေးနည်း စာအုပ်တင်ပေးလိုက် ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာ နေသူများအတွက် အထောက်အကူ
 ဖြစ်မှာပါ။ လေ့လာလိုသူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ထပ်ဆင့်ရှယ်ပေးခြင်းဖြင့် ကူညီ ပေးကြပါရန်။ အားလုံးကိုခင်မင်လျှက်။
Download=>> Link 1, Link 2 
 

Facebook မှာ Share Album တင်နိုင်ပြီ

Facebook မှာ Share Album တင်နိုင်ပြီ



Facebook မှာ Share Album တင်နိုင်ပြီ

Facebook က အသစ်မိတ်ဆက်ဖန်တီးပေးလိုက်တဲ့ Feature အသစ် ဖြစ်ပါတယ်။ ယင်း Feature ကြောင့် ဓာတ်ပုံ Album တစ်ခုတည်းကိုပဲ အခြား Friend များကပါ ဝင်ရောက် Edit လုပ်၊ တင်နိုင်ပြီ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ ခရီးအတူတူ သွားပြီး ရလာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အကောင့် တစ်ခုရဲ့  ဓာတ်ပုံ Album တစ်ခုတည်းမှာပဲ တစ်စုတစ်စည်းတင်နိုင်၊ဖျက်နိုင်စေဖို့ ဖြစ်ပါတယ်။ ဒီတော့ အသစ် ထည့်ပေးလိုက်တဲ့ Feauture က Make a shared album ဖြစ်ပါတယ်။ ဓာတ်ပုံကို တင်နေကျ ပုံစံအတိုင်း Album နဲ့ လုပ်တင်ပြီး နောက်ဆုံး ဘယ်ထောင့် အပေါ်မှာ ပေါ်နေတဲ့ Make A Shared Album ကိုနှိပ်ပြီး ကိုယ် စိတ်ကြိုက် ထည့်သွင်းလိုတဲ့ contributor တွေကိုထည့်သွင်းရုံပဲ ဖြစ်ပါတယ်။

ယင်းထည့်သွင်းထားတဲ့သူတွေကပဲ သူတို့ဆိမှာရှိတဲ့ ပုံတွေကိုတင်မယ်။ Edit လုပ်မယ် အစရှိသဖြင့် ပြုလုပ်နိုင်ပြီး ဓာတ်ပုံ Album တစ်ခုကို လူအများထိန်းချုပ်သကဲ့သို့ ဖြစ်ပါတယ်။

Contributors only, Friends of Contributers, Public အစရှိသဖြင့် Option ၃ ခုနဲ့ တင်နိုင်၊ဖျက်နိုင်မှာ ဖြစ်ပါတယ်။ စစချင်းအနေနဲ့ Contributor ဦးရေ ၅၀ အထိ လက်ခံထားပြီး တစ်ယောက်ကို အများဆုံး ပုံ ၂၀၀ ပဲတင်ခွင့်ရှိအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း ဓာတ်ပုံ အရေအတွက်က ၁ ထောင် ဖြစ်ပါတယ်။ နောက်ပိုင်း မှ ဓာတ်ပုံ တင်နိုင်မယ့် အရေအတွက်ကို ထပ်တိုးပြီး ပိုကောင်းတဲ့ Feature များထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Facebook
Aung Kham (TSJ team)


အိုင်တီခေတ်



Powered By Blogger
Powered by Blogger.