Recent News

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, 1 June 2013

သူရဲကောင်းရွေးခြယ်ပွဲ

သူရဲကောင်းရွေးခြယ်ပွဲ

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ် ပြီး
သူကောင်းပြုရန်အတွက် အကြံရလေသည်။
 သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင်
 ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။ 
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင် ၏သူရဲကောင်းရွှေးခြယ်
 ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို 
ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး
 သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စပါပြီခင်ဗျား။
 “  ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။
 အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။
 မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။
 အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
 ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု 
မူးမတ်များကို မေးသည်။
 တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွား သည်။
 မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ 
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ ရောက်အောင်ကြိုးပမ်းလေ၏။ 
ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ် ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။
 နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့ အောင်မြင်စွာ ရောက်ရှိလေ သည်။ 
ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။
 မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
 ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
 ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး 
သူရဲကောင်းကြီးအား
 “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“
 မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
 “ဘယ် မအေ..... ငါ့ကိုတွန်းချတာလဲကွ“ ဟူ၏။

Aung.info မှကူးယူဖေါ်ပြပါသည်။

Thursday, 23 May 2013

ဂေါ်လီ+ဂဲလုံး မှ

ဟာသလေးမျာ ခိခိ..










ဂေါ်လီ+ဂဲလုံး မှ

အောက်မှလည်းရှိသေးပါတယ်ခင်ဗျာ အားပေးကြပါအုန်းနော် ဂဲဂဲ

 အောက်မှလည်းရှိသေးပါတယ်ခင်ဗျာ အားပေးကြပါအုန်းနော် ဂဲဂဲ







Powered By Blogger
Powered by Blogger.