Recent News

Sunday 12 May 2013

ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

 
ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှုလျော့စေခြင်း၊ နှလုံးရောဂါနဲ့ကင် ဆာရောဂါ ဖြစ်နှုန်းကို လျှော့ ချပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင် သလိုပဲအောက်ပါနည်းလမ်းလေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်းပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

၁။ ရာသီဥတု အခြေအနေကိုကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မ လိုအပ်တော့ တဲ့ အဝတ်အစားတွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင်ပေးလိုက်ပါ။
၂။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ရဲ့ ပုံစံကို သင်သတိထားမိနိုင်မှာပါ။
၃။ ဈေးဝယ်ထွက်ချိန်မျိုးနဲ့ အလည်အပတ်သွားချိန်မျိုးမှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားမျိုးတွေကိုသာ ဝတ်ဆင်ပါ။
၎။ ကလေးငယ်တွေနဲ့အတူ နာရီဝက်လောက် ကစားပါ။ စက်ဘီးအတူစီးတာမျိုး၊ ဘောလုံးကစားတာမျိုးပါ။
၅။ အလုပ်အသွားအလုပ်ပြန်ငါးမိနစ်လောက်တော့လမ်းလျှောက်သွားပါ။လှေကားထစ်တွေကို လမ်းလျှောက်တက်ပါ။အလျင်မလို ရင် ဓာတ်လှေကားမသုံးပါနဲ့။
၆။ သုံးလက်မလောက် ဒေါက်မြင့်ကိုသာ စီးပါ။ အရမ်းမြင့်တဲ့ ဖိနပ်ကို ရံဖန်ရံခါမှသာ စီးပါ။
၇။ ကမ်းခြေလို နေရာမျိုးကို ခရီးထွက်ပါ။ ဒါမှမဟုတ် လယ်ကွင်းလို နေရာမျိုးတွေမှာ လေရှူပါ။
၈။ လေးလံတဲ့ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို လက်နဲ့ ဆွဲမယ့်အစား လက်နှစ်ဖက်နဲ့ ရှေ့မှာပိုက်ပြီးသယ်ပါ။
၉။ ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ရင်တောင် အလေးမရာမှာ သုံးတဲ့ ဝိတ်တုံးတစ်တုံးလောက် ဝယ်ထားပါ။ အနည်းဆုံးတော့ အလေးမပစ္စည်းသုံး လေ့ကျင့်တာဟာ ကြွက်သားကို အထောက်အကူဖြစ်စေတာကြောင့်ပါ။
၁၀။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူပေးပါ။ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုတွေကို ပြေပျောက်စေပါတယ်။
၁၁။ မိတ်ဆွေ၊ အပေါင်းအသင်းတွေဆီ ဖုန်းဆက်ပြီးဖြစ်စေ၊ တွေ့ဆုံပြီးဖြစ်စေ စကားပြောပါ။ရယ်စရာဟာသလေးတွေပြောတာမျိုး၊ ရင်ဖွင့်ပြောဆိုတာမျိုး ပြုလုပ်ပါ။
၁၂။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန် ပြုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။အထူးသဖြင့်လက်သည်း၊ ခြေသည်းတွေကို ပုံမှန်သန့်စင်ပေးပါ။

0 comments:

Post a Comment

Powered By Blogger
Powered by Blogger.