Recent News

Thursday 2 May 2013

ငါအိုသွားသောအခါ

  • ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး။ငါ့ကိုနားလည်ပေးပါ။စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
  • ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အကျီင်္၊လုံချည်၊ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်ကြေးတွေမထိန်းသိမ်းနိုင်တော့တဲ့ငါကိုမရွံပါနဲ့  ငယ်ငယ်တုန်းက ငါသုတ်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ    စကားမဖြတ်ဘဲကျေးဇူးပြုနားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ငါးရာငါးဆယ်နိပါတ်တော်တွေ ဇတ်ကြီးဆယ်ဖွဲ့တွေစတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
  • မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူညီလိုတဲ့အခါ မငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက ချော့တစ်လှည့်ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
  • ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။
  • စိတ်သွားတိုင်ကိုမပါနွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုတွဲကူပေးကြပါ။လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှန်းချင်း လမ်းလျောက်သင်ခဲ့တာတွေသတိရပေးပါ။
  • တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါကို ကြည့်ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ၊အားပေးပါ၊အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲံသလို ခုချိန်မှာငါ့ဘနောက်ဆုံးချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းနဲ့အေးမြမူတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ အဲ့ဒီအပြုံးတွေထဲမှာမဆုံးတဲ့ငါ့ချစ်ခြင်းတွေတွေ့ရမှာပါ။  

0 comments:

Post a Comment

Powered By Blogger
Powered by Blogger.